English Language Day
ဧပြီလ 23ရက်နေ့ဟာ English Language Day ဖြစ်ပါတယ်။ 2010 ခုနှစ်မှစတင်ကျင်းပခဲ့တာဖြစ်ပီး အာရပ်ဘာသာစကားနေ့၊ တရုတ်ဘာသာစကားနေ့၊ ပြင်သစ်ဘာသာစကားနေ့၊ ရုရှားဘာသာစကားနေ့နဲ့ စပိန်ဘာသာစကားနေ့များနှင့်အတူ စတင်ကျင်းပခဲ့ပါတယ်။
အထက်ပါဘာသာစကားများဟာ ကုလသမဂ္ဂရဲ့ တရားဝင်ဘာသာစကားများဖြစ်ပီး ဘာသာစကားအလိုက် သက်ဆိုင်ရာ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနဲ့ ဖြစ်ထွန်းမှုတွေကို သိရှိနိုင်စေဖို့ ရည်ရွယ်ကျင်းပကြခြင်းဖြစ်ပါတယ်။
English Dayကို ဧပြီ 13မှာကျင်းပရခြင်းအကြောင်းကတော့ ဒီနေ့ဟာ နာမည်ကျော်ပြဇာတ်ရေးဆရာကြီး Shakespeareရဲ့ မွေးနေ့ဖြစ်ပီး သူကွယ်လွန်တဲ့နှစ်ပတ်လည်နေ့လဲ ဖြစ်တာကြောင့်ဖြစ်ပါတယ်။
Shakespeareဟာ 16ရာစုနဲ့ 17ရာစုနှစ်များမှာ သူ့ရဲ့ပြောင်မြောက်တဲ့စာပေအရေးအသားတွေနဲ့အတူ ယနေ့ထိခေတ်စားနေဆဲဖြစ်တဲ့ စကားလုံးသစ်များစွာကိုလဲ စတင်ဖန်တီးခဲ့သူပဲ ဖြစ်ပါတယ်။
ယခုခေတ်သုံးစကားလုံးများဖြစ်တဲ့ 'gossip'၊ 'fashionable'၊ 'lonely' ဆိုတဲ့စကားလုံးများကို ပထမဆုံးစတင်သုံးစွဲခဲ့တဲ့အပြင် 'break the ice' ၊ 'love is blind'စတဲ့ စကားစုတွေဟာလဲ Shakespeare တီထွင်သုံးစွဲခဲ့တာပဲ ဖြစ်ပါတယ်။
Ref: britishcouncil page
Comments