သင့်ပထဦးဆုံး ဝေါဟာရမှတ်စုအတွက် လမ်းညွှန်ချက်
စကားလုံးအသစ်တွေကို ကြားရ၊ ဖတ်ရတဲ့အခါ အဲ့ဒီစကားလုံးတွေကို ကျက်မှတ်လေ့လာဖို့ အားထုတ်ရပါမယ်။ သတင်းကြည့်နေတုန်း ပထမဆုံးအကြိမ်အဖြစ် ကြားလိုက်ရတာဖြစ်စေ၊ နွားနို့်စက္ကူဗူးကျောဘက်မှာ ရေးထားတာတွေထဲက တွေ့လိုက်ရတာဖြစ်စေ၊ မှတ်တမ်းလုပ်ထားပါ။ တစ်နေရာရာမှာ ရေးချမှတ်သားထားပါ။ ဒါပေမဲ့ အဲ့ဒီလိုလေ့လာထားတဲ့စကားလုံးတွေကို မေ့မသွားအောင် ဘယ်လိုလုပ်ရမလဲ။ အချိန်ကာလကြာမြင့်လာတာနဲ့ အမျှ သင့်လေ့လာထားတဲ့ စကားလုံးတွေအားလုံးကို မှတ်မိနိုင်ပါဦးမလား။ အင်္ဂလိပ်စာ စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်ဖို့အတွက် ဝေါဟာရတွေ တိုးပွားအောင်လုပ်ရတာဟာ မဖြစ်မနေလုပ်ရတဲ့ အရာဖြစ်ပါတယ်။ ဒါပေမဲ့အဲ့ဒီလိုလုပ်ဖို့ အချိန်နှင့် လေ့ကျင့်မှု အများကြီးလိုအပ်ပါတယ်။ အဲ့ဒါကိုလွယ်ကူအောင် ပြုလုပ်ဖို့အတွက် ဝေါဟာရ စကားလုံးလေ့လာတည်ဆောက်မှုကို စံနစ်တကျပြုလုပ်ရမှာ ဖြစ်ပါတယ်။ သင့်ပထမဦးဆုံး ဝေါဟာရမှတ်စုကို ဘယ်လိုလုပ်မလဲဆိုတဲ့ ကျွန်တော်တို့ရဲ့ လမ်းညွှန်ချက်ကို ဖတ်ကြည့်ပါ။ ၁။ တစ်ကယ့် မှတ်စုစာအုပ်တစ်အုပ် အကယ်လို့သင်က မှတ်စုကို ခဲတံ၊ ဘောပင်သုံးပြီး စာရွက်ပေါ်မှာ ချရေးရတာကို နှစ်သက်တယ်ဆိုရင်တော့ မှတ်စုစာအုပ်တစ်အုပ်ကို သတ်သတ်မှတ်မှတ်ထားတာ ကောင်းပါတယ်။ ဘာ...