အင်္ဂလိပ်စာ အကြားစွမ်းရည်အတွက် ဝင်ရောက်လေ့လာနိုင်သော website 5 ခု
အင်္ဂလိပ်စာ လေ့လာသူများအတွက် လေ့လာစရာ စာအုပ်စာတမ်း၊ မှတ်စုများဟာ ယခုအခါ အွန်လိုင်းမှာရော ပုံနှိပ်မီဒီယာမှာပါ အလွယ်တကူရရှိနိုင်ပါတယ်။ အဲ့ဒီထဲမှာ အကြားစွမ်းရည်အတွက် လေ့ကျင့်ဖို့ကတော့ လေ့လာသူများအတွက် ကောင်းနိုးရာရာကို ရွေးချယ်ဖို့ အချိန်ပေးရတာဖြစ်လို့ အဲ့ဒီစွမ်းရည်နဲ့ ပတ်သက်ရင် သိပ်မလုပ်ဖြစ်ကြတာကို သတိပြုမိပါတယ်။ ဒါကြောင့် အကြားစွမ်းရည်ကို လေ့ကျင့်ဖို့အတွက် ဗြိတိသျှကောင်စီရဲ့ Teaching English blog ဆုရှင် Aoife McLoughlin က အကြံပြုထားတဲ့ podcast များရနိုင်တဲ့ ဝက်ဗ်ဆိုဒ် ငါး ခုကိုဖော်ပြလိုက်ပါတယ်။
အင်္ဂလိပ်စာသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမများ ကိုယ်တိုင် စာသင်ခန်းထဲမှာ သင်ကြားရေး အချိန်မလုံလောက်မှုနဲ့ အခြားလုပ်ရမယ့် လေ့ကျင့်ခန်းတွေကြောင့် listening skills ဆိုတဲ့ အကြားစွမ်းရည်အတွက် အချိန်ကောင်းကောင်းပေးပြီး အာရုံမစိုက်နိုင်ကြပါဘူး။
ကျောင်းသားတွေကို သူတို့တွေ ဘယ်စွမ်းရည်ကို အတိုးတက်ချင်ဆုံးလဲ မေးလိုက်တိုင်း အမြဲတမ်း ပြန်ကြားရမယ့် သူတို့ရဲ့ အတိုးတက်ချင်ဆုံး ဖြစ်ချင်uတဲ့ စွမ်းရည်တွေကတော့ အကြားစွမ်းရည်နှင့် အပြောစွမ်းရည်တို့ဘဲ ဖြစ်ပါတယ်။ အဲ့ဒီထဲက စကားပြောစွမ်းရည်က လေ့ကျင့်ပေးဖို့ ပိုမိုလွယ်ကူသယောင်ရှိပါတယ်။ ကျောင်းသားတွေကို pair work ပုံစံနှင့် နှစ်ယောက်တွဲပေးပြီး လေ့ကျင့်ပေးတာတို့၊ group work အနေနဲ့ အုပ်စုလိုက်လုပ်ရတဲ့ ဆွေးနွေးပြောဆိုရတဲ့ လေ့ကျင့်ခန်း (discussion activities) တွေ လုပ်ခိုင်းတာတို့လုပ်လို့ရပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ဟာ အကြားစွမ်းရည်ကိုကတော့ ကျောင်းသားက အဖေါ်မပါ၊ တစ်ဦးတည်း အိမ်မှာဘဲဖြစ်ဖြစ် သီးသန့်လေ့ကျင့်လို့ရတယ်ဆိုတဲ့ ယုံကြည်မှုကြောင့်လားဘဲမသိ ဒီ receptive skill ဖြစ်တဲ့အကြားစွမ်းရည်အတွက်တော့ အာရုံပြည့်ထားလေ့မရှိတာကို တွေ့ရပါတယ်။ အဲ့ဒါကလည်း အတိုင်းအတာတစ်ခုအထိ မှန်ပါတယ်။ ဆရာတွေက သူတို့ရဲ့ သင်ခန်းစာတွေမှာ အွန်လိုင်းက ရရှိနိုင်တဲ့ အကြားစွမ်းရည်လေ့ကျင့်ခန်း resources တွေကို ထည့်သွင်းသင်ကြားဖို့ အချိန်ပိုပေးသင့်သလို ကျောင်းသားတွေကလည်း မိမိတု့ိရဲ့ ကိုယ်ပိုင်အချိန်မှာ နားထောင်တဲ့ လေ့ကျင့်ခန်းတွေ ပိုမိုလုပ်ဆောင်ပြီး ဒီစွမ်းရည်ကို တိုးတက်အောင်လုပ်လို့ရပါတယ်။
ကျောင်းသားတွေရဲ့ အကြားစွမ်းရည်ကို တိုးတက်အောင် အကောင်းဆုံး ကူညီနိုင်တာကတော့ podcast တွေနားထောင်ခြင်းဘဲ ဖြစ်ပါတယ်။ Podcast ဆိုတာ အင်တာနက်ကနေ မိမိရဲ့ မိုဘိုင်းဖုန်းထဲကို၊ တက်ဘလက်ထဲကို၊ ကွန်ပြူတာထဲကို download လုပ်ပြီး ဒါမှမဟုတ် တိုက်ရိုက် stream လုပ်ပြီး နားထောင်လို့ရတဲ့ audio file လို့ခေါ်တဲ့ အသံဖိုင်တွေ ဖြစ်ပါတယ်။ အဲ့ဒီအသံဖိုင်တွေဟာ ပုံမှန်အားဖြင့် အခန်းဆက် series တွေ အနေနဲ့လာလေ့ရှိပါတယ်။ iTunes တို့ SoundCloud တို့လိုမျိုးတွေမှာ လွှင့်တတ်တဲ့ podcast တွေအတွက် ပုံမှန်နားဆင်ဖို့ မှတ်ပုံတင်ကာ register လုပ်ပြီး စာရင်းလေးသွင်းထားရင် အသစ်တင်လိုက်တဲ့ နောက်ဆုံးထွက် podcast တွေကို အလိုအလျောက် ပေးပို့ပေးပါတယ်။
အဲ့ဒီလိုမျိုးနားထောင်စရာ များပြားလှတဲ့ အထဲကနေ ကျောင်းသားတွေအတွက် စိတ်ဝင်စားဖွယ်ကောင်းမယ့် အရာတွေကို ရွေးချယ်မှာ ဖြစ်တာမို့ အချိန်တော့ နည်းနည်းပေးရပါမယ်။ podcast အများစုကတော့ အခမဲ့ဖြစ်တဲ့အတွက် ကျောင်းသားတွေက မိမိတို့ သဘောကျနှစ်ခြိုက်ရာကို အကြိမ်ကြိမ် အဖန်ဖန် နားထောင်လေ့ကျင့်နိုင်ပါတယ်။ အဲ့ဒီလိုမျိုး podcast တွေထဲက အကောင်းဆုံး ငါး မျိုးကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
ဒီဟာကတော့ podcast တစ်ခုထက်ကို သာလွန်နေပါတယ်။ ဒီအထဲမှာ ကျောင်းသားတွေအတွက် ပျော်စရာကောင်းပြီး၊ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာ အသံဖိုင်တွေ၊ ဗွီဒီယိုသင်ခန်းစာတွေကို subject area ခေါင်းစဉ်ပေါင်း မြောက်များစွာခွဲပြီး တင်ဆက်ထားပေးပါတယ်။ အသင်းဝင်ဖြစ်ဖို့ကလည်း အဆင့် ၃ ဆင့်ခွဲထားပါတယ်။ အဲ့ဒီအထဲက premium အဆင့်ကိုဝင်ဖု့ိ လမ်းညွှန်လိုပါတယ်။ အဲ့ဒီအဆင့်မှာ အခမဲ့ အသင်းဝင်အဖြစ်နဲ့ site ရဲ့ အရည်အသွေးကို မြည်းစမ်းခွင့်ရပြီး နောက်အဆင့်တွေမှာ အသင်းဝင်ဖြစ်ဖို့အတွက် ဆုံးဖြတ်လို့ရပါတယ်။ မိမိရဲ့ အကြားစွမ်းရည်အတွက် လေ့ကျင့်ဖို့ ဒီဆိုဒ်က အရမ်းကောင်းမွန်လှပါတယ်။
TED talk ကို ကျွန်တော်တို့အားလုံး တစ်ချိန်မဟုတ် တစ်ချိန်မှာ ဝင်ကြည့်ခဲ့ဘူးကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီအထဲက အမျိုးစုံလင်လှတဲ့ အမျိုးမျိုးသော ဗွီဒီယိုသင်ခန်းစာတွေကို စာသင်ခန်းတွေမှာ အကြိမ်ကြိမ် အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ TED audio podcast တွေကိုတော့ ကျောင်းသားတွေ သိပ်ဂရုမပြုမိကြပါဘူး။ ဒီ podcast တွေကတော့ နားထောင်ဖို့အကြောင်းအရာ စုံလင်လှသလို ရွေးချယ်စရာ ခေါင်းစဉ် (topic) အမြောက်အများကိုလည်း ပေးထားကာ အသင်းဝင်စရာမလိုဘဲ ဝင်နားထောင်နိုင်ပါတယ်။ ဆရာများအနေနဲ့လည်း အတန်းထဲမှာ ဆွေးနွေးပွဲပုံစံ (discussion) လေ့ကျင့်ခန်းလုပ်ဖို့၊ စကားရည်လုပွဲ (debate) လုပ်ဖို့ စတာတွေအတွက် အကြောင်းအရာ အစပျိုးပေးဖို့အတွက် အဲ့ဒီ podcast ခေါင်းစဉ်တစ်ခုခုထဲက talk တစ်ခု (သို့မဟုတ် အစိတ်အပိုင်းတစ်ခု) ကိုကျောင်းသားတွေအတွက် အိမ်စာပုံစံလုပ်ခဲ့ဖို့ ကြိုတင်နားထောင်ခိုင်းလို့ ရပါတယ်။
ဒီဝဘ်ဆိုဒ်မှာကတော့ စိတ်ဝင်စားဖွယ်ကောင်းပြီး ဖြစ်ရပ်မှန် (real life topic) ခေါင်းစဉ်တွေမျိုးစုံကို အင်္ဂလိပ်စာကျွမ်းကျင်မှု level အဆင့် အမျိုးမျိုးအတွက် podcast တွေတင်ပေးထားပါတယ်။ နားထောင်ဖို့အတွက် podcast တွေကတော့ အခမဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်ဖို့အတွက် ဆရာလက်စွဲ စာရွက်စာတမ်းတွေနဲ့ လေ့ကျင့်ခန်း စာရွက်တွေအတွက်ကတော့ မှတ်ပုံတင်ကြေးနဲ့ စာရင်းသွင်းကာ အသင်းဝင်ရပါမယ်။ အချို့ audio အသံဖိုင်တွေမှာ ဗွီဒီယိုဖိုင်ပါတွဲပြီး ပါပါတယ်။
IELTS စာမေးပွဲအတွက် ပြင်ဆင်နေသူတွေအတွက် မဖြစ်မနေ နားထောင်သင့်တဲ့ ဆိုဒ်ဖြစ်ပါတယ်။ ဒီ podcast မှာတော့ စာမေးပွဲဖြေဆိုမယ့် သူတွေအတွက် လမ်းညွှန်ချက်တွေ၊ စာမေးပွဲဗျူဟာတွေအပြင် ကျောင်းသားတွေအတွက် စာမေးပွဲဖြေဆိုပုံနည်းလမ်း အသွယ်သွယ်ကို ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမလဲဆိုတာတွေပါ အကြံပေးထားပါတယ်။
ဒီဆိုဒ်ကတော ကျောင်းသား၊သူတွေအတွက် တိုက်ရိုက်ဝင်ရောက် နားထောင်လေ့လာလို့ရတဲ့ အင်္ဂလိပ်စာ သင်ခန်းစာတွေကို နောက်ဆုံးရသတင်း ဖြစ်ရပ်များနှင့် ဝေဝေဆာဆာ တင်ဆက်ထားပါတယ်။ podcasts တစ်ခုချင်းစီမှာ နောက်ဆုံးဖြစ်ပျက်နေတဲ့ နိုင်ငံတကာ သတင်းခေါင်းစဉ်တွေကို တင်ဆက်ပြီး သတင်းပြောဆိုသူတွေရဲ့ ဖြစ်ရပ်အပေါ် ဆွေးနွေးခန်းတွေ၊ သုံးသပ်ချက်တွေကို ထည့်သွင်းထားတဲ့အပြင် သက်ဆိုင်ရာ အကြောင်းအရာနဲ့ ပတ်သက်တဲ့ စကားလုံးအသစ်တွေ၊ စကားတွဲတွေကိုလည်း ပူးတွဲ သင်ကြားပေးတာ ဖြစ်ပါတယ်။ ဒီဆိုဒ်ကတော့ အင်္ဂလိပ်စာ အဆင့်မြင့်သူ ကျောင်းသား၊သူတွေအတွက် အကြားစွမ်းရည်ကို တိုးတက်အောင် လုပ်ရင်း တစ်ဖက်က နိုင်ငံတစ်ကာ သတင်းဖြစ်ရပ်တွေ၊ စီးပွားရေးသတင်းတွေ၊ ထုတ်ကုန်တွေအကြောင်း စတာတွေကို လတ်လတ်ဆတ်ဆတ် သိရှိပြီး ဗဟုသုတကြွယ်ဝအောင်လုပ်လို့ ရပါတယ်။
နောက်ဆက်တွဲအနေနဲ့ ကျောင်းသားတွေအတွက် အကြံပြုလိုတဲ့ podcasts ဆိုဒ်တွေကတော့ British Council ရဲ့ podcasts for elementary learners နှင့် professional podcasts တို့ဖြစ်ပြီး ဆရာ၊ ဆရာမတွေအတွက်ကတော့ သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ ပြင်ဆင်ဖို့ TeachingEnglish website ဖြစ်ပြီး ဆရာ၊ ဆရာမကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် အကြံဉာဏ်၊ နည်းလမ်းကောင်းတွေရနိုင်တဲ့ become a TeachingEnglish blogger ဆိုဒ်တို့ဖြစ်ပါတယ်။
Credit: Myanmar Network