အန္တရာယ်များသော အင်္ဂလိပ်စကား (၃)
အသံ၏ အန္တရာယ်များ
အသံထွက် (pronuncing) ဆိုင်ရာ အခက်အခဲများ
အင်္ဂလိပ်စကားမှာ အသံ ၄၄ သံရှိတယ်။ အခြားဘာသာစကားတွေမှာတော့ ၂၅ သံနဲ့ အသံ ၃၀ ကျော်ကျော် လောက်ပဲရှိတယ်လို့ သိရတယ်။ အင်္ဂလိပ်စကားလုံးတွေဟာ အသံပိုင်းမှာ လျှာနေလျှာထားအရေးကြီးတယ်။ အသံထွက်မမှန်ရင် ပြဿနာတက်နိုင်တယ်။
အင်္ဂလိပ်စကားမှာ vowel sound အနေနဲ့ ၃၃ သံရှိတယ်။ ခုမှအင်္ဂလိပ်စာကို စတင်လေ့လာသူတွေ အနေနဲ့ အသံထွက်ရတာ၊ နားရေဝအောင်လေ့လာရတာ ခက်ခဲတတ်ပါတယ်။ အထူးသဖြင့် တရုတ်၊ ပြင်သစ်၊ ဂရိ၊ အီတလီ၊ ဂျပန်၊ စပိန်တွေအနေနဲ့ အခက်အခဲတွေ ကြုံနိုင်ပါတယ်။
ဥပမာ အင်္ဂလိပ်စာမှာ / i: / ဆိုတဲ့ အသံဟာ e ကို သံရှည်ဆွဲပြီး ထုတ်ရတဲ့ အသံမျိုးပါ။ (Heat) ဆိုရင် e ကို သံရှည်နဲ့ထုတ်ပြီးဆိုမှ မှန်တယ်။ / I / ဆိုတာက hit လို စာလုံးမျိုးတွေကိုထွက်ဖို့ သုံးတယ်။ Heat နဲ့ hit အသံ ထွက်ချင်းကွာတယ်။
ရေကို အပူပေးမယ် “I’m going to heat the water” လို့ပြောရမယ့်နေရာမှာ “I’m going to hit the water” ဆိုတဲ့အသံထွက်သွားရင် ရေကိုအပူပေးတာ မဟုတ်တော့ဘဲ၊ ရေကို သွားပြီး တူနဲ့ထုတာဖြစ်သွားမယ်။
အသံထွက်မှန် မမှန် စမ်းကြည့်ရအောင်
အင်္ဂလိပ်စကားပြောနိုင်ငံကလူတွေကို အောက်မှာဖော်ပြထားတဲ့ စကားလုံးတွေ သွားဖတ်ခိုင်းရင် ကိုယ်သိထား တာ၊ ကိုယ်အသံထွက်နေတာနဲ့ ကွာခြားတယ်ဆိုတာ သိသာလိမ့်မယ်။ အသံထွက်က တူတယ်ထင်ရပေမယ့် မတူပါဘူး။ ပြီးရင် native speaker ကို ကိုယ်ထွက်တဲ့အသံ မှန် မမှန်ပြန်နားထောင်စေသင့်တယ်။ ကဲ ဒီစာလုံးတွေကို မှန်ကန်အောင် အသံထွက်နိုင်မယ် ထင်ပါသလား။
sick, seek
sin, seen
ship, sheep
did, deed
chip, cheap
fill, feel
lip, leap
pill, peel
still, steal
အသံထွက်ကြည့်ရတာ အဆင်မပြေရင် သတိထားဖို့လိုမယ်။
ဥပမာ sheet ဆိုတဲ့စကား မှားသွားရင် ပြဿနာရှိတယ်။ Sheet ဆိုတာ အိပ်ရာခင်းကိုပြောတာ။ Sheet လို့ အသံထုတ်ရမယ့်နေရာမှာ shit လို့သွားထုတ်လိုက်မိရင် မစင်ဖြစ်သွားပြီး ရိုင်းပျတဲ့အသုံးမျိုးဖြစ်သွားနိုင်တယ်။
ဥပမာ နည်းနည်းလောက်လိုချင်တယ် piece ဆိုတဲ့နေရာမှာ piss ဆိုတဲ့ အသံနဲ့ သွားသုံးလိုက်ရင် သေးပေါက် တာဖြစ်သွားလိမ့်မယ်။
အမေရိကန်တွေအတွက်တော့ အဲဒီအသံအမှားဟာ ရယ်စရာဖြစ်သွားနိုင်သလို ကိုယ့်ကိုလည်း စိတ်ပျက်သွား စေနိုင်ပါတယ်။
ထွက်သင့်တဲ့အသံ မထွက်သင့်တဲ့အသံ
Beach (bi:tƒ) bitch (bitƒ)
Piece (pi:s) piss (pis)
Sheet (ƒi:t) shit (ƒit )
အခြား vowel sound တွေမှာလည်း ပြဿနာရှိနိုင်တာတွေက
ထွက်သင့်တဲ့အသံ မထွက်သင့်တဲ့အသံ
Six (siks) sex (seks)
Fork (fç:k) fuck (f4k)
Folks (fouks) fucks (f4ks)
Fox (f2ks) fucks (f4ks)
Slot (sl1t) slut (sl4t)
Kirk (kå:rk) cock (k1k)
Her (hå:r) whore (hç:r)
Can’t (kænt) cunt (k4nt)
အင်္ဂလိပ်အသံမှာ /th / ဆိုတဲ့ (ø) နဲ့ (Å) အသံကို ကွဲပြားစွာထွက်ဖို့ အခက်တွေ့တတ်ပါတယ်။ အဲဒီ အသံကို သူတို့ဆီမှာလည်း ၁၃ နှစ်ကျော်လောက်မှ မှန်တယ်လို့ဆိုတယ်။ ဒီ အသံထွက်တွေဟာ အခြားဘာသာစကား တွေမှာ မရှိနိုင်တာကြောင့် ထွက်ဖို့ခက်ခဲနိုင်ပါတယ်။
Comments