ဆိုရှယ်မီဒီယာမှာ အကျိုးရှိအောင်အသုံးချနိုင်မယ့် အချက်သုံးချက်

တော်တော်များများက ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ကုန်နေကြတာများပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာပဲ အချိန်ကုန်နေပေမယ့် ဘာမှလည်းအကျိုးဖြစ်ထွန်းလာတာ မရှိပါဘူး။ ဆိုရှယ်မီဒီယာသုံးပြီဆိုရင် တော်တော်များများက Facebook တွေ Instagram တွေလောက်ပဲ အသုံးများကြတယ်။ Youtube တွေကြည့်ကြတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာမှာ အကျိုးရှိအောင်အသုံးချနိုင်မယ့် အချက်သုံးချက်ကို ပြောပြပေးလိုက်ပါတယ်။


လေ့လာသင်ယူပါ။


ဆိုရှယ်မီဒီယာသုံးပြီဆိုတာနဲ့ လူသုံးများတဲ့ Facebook ထဲကို ဝင်လိုက်ပါ။ Facebook သုံးရင် Newfeed ထိုင်ပွတ်နေမယ့်အစား အင်္ဂလိပ်စာ Group တွေနဲ့ ကိုယ့်အတွက် ဗဟုသုတရစေမယ့် Group တွေထဲကိုဝင်ပြီး လေ့လာပါ။ မှတ်သားပြီးသင်ယူနိုင်ပါတယ်။ သင်တန်းတက်ဖို့အချိန်မရှိတဲ့သူတွေဆိုရင် ဒီလို Group တွေထဲဝင်ပြီး လေ့လာသင်ယူသင့်ပါတယ်။


ဗဟုသုတ၊ အသိပညာကို ကိုယ်တိုင်ရှာဖွေပါ။


Youtube ကြည့်တော့မယ်ဆိုရင်လည်း ဇာတ်ကားတွေကိုထိုင်ကြည့်နေမယ့်အစား ဗဟုသုတရစေမယ့် Video တွေ၊ စိတ်ခွန်အားဖြစ်စေမယ့် Motivation Video တွေကို ရှာပြီးကြည့်ပါ။ အသိပညဗဟုသုတတွေဆိုတာက ကိုယ်တိုင်ယူတတ်မှရတာပါ။ ဒါကြောင့် ဘာကိုပဲသုံးသုံး ကိုယ့်အတွက် အကျိုးရှိစေမယ့်အရာတွေကို ကိုယ်တိုင်ရှာဖွေသင်ယူပါ။


တစ်ဖက်တစ်လမ်းက ဝင်ငွေရှာပါ။


အွန်လိုင်းရှော့ပင်းလုပ်တာကလည်း ဆိုရှယ်မီဒီယာကို အကျိုးရှိအောင်အသုံးချခြင်းပါပဲ။ ဒါကြောင့် သင်ဟာ အွန်လိုင်းရှော့ပင်းလုပ်ဖို့ကို ဝါသနာပါတဲ့သူတစ်ယောက်ဆိုရင် အရင်းအနှီးနည်းနည်းနဲ့ စလုပ်ကြည့်ပါ။ သေချာလုပ်တတ်တဲ့သူတွေကို မေးမြန်းပြီးသင်ယူကာ အကောင်အထည်ဖော်နိုင်ပါတယ်။ ဝင်ငွေလည်းတိုး၊ ပိုက်ဆံလည်းရတော့ ဆိုရှယ်မီဒီယာကိုသုံးရတာ အကျိုးရှိတာပေါ့။


ဆိုရှယ်မီဒီယာမှာ ဒီအချက်သုံးချက်ကို ကောင်းကောင်းအသုံးချမယ်ဆိုရင်တော့ ဆိုရှယ်မီဒီယာသုံးရတာ သင့်အတွက် အကျိုးရှိစေမှာပါ။

Comments

Popular Posts

အင်္ဂလိပ်စာ လေ့လာနည်း

အင်္ဂလိပ်စာ အကြားစွမ်းရည်အတွက် ဝင်ရောက်လေ့လာနိုင်သော website 5 ခု