အင်္ဂလိပ်စာကို ဘယ်လိုလေ့လာကြမလဲ

အမြန်ဆုံးနဲ့ အခြေခံအကျဆုံးကို ပြောပါ့မယ်။ တတ်ပြီးသားတွေကို မရည်ရွယ်ပါဘူး။ ခုမှစပြီး လေ့လာမယ့် သူတွေကိုရည်ရွယ်ပါတယ်။


စတင်လေ့လာလိုသူတွေအတွက် အညွှန်းကိုစပြောမယ်။ (လိုရင်း တိုရှင်းပေါ့) 


၁။ ကိုယ့်ကိုယ်ကို ကလေးလိုသဘောထားပါ 


ကလေးဆိုတာ စကားသင်ရင် ဖြည်းဖြည်းသင်ပေးရတယ်။ ပထမဦးဆုံး သူတို့ နားထောင်တာကို အရင်လုပ်တယ်။ နားရည်ဝရင် ပြောတာကို စလုပ်မယ်။ နောက်မှ အဖတ်နဲ့ အရေးကို လုပ်ကြတယ်။ 


၂။ အင်္ဂလိပ်စကား နေ့စဉ်နားထောင်ပါ 


ရေဒီယိုကို အင်္ဂလိပ်ပိုင်း အစီအစဉ်များများနားထောင်ပါ။ အင်္ဂလိပ်စကားပြော TV တွေကြည့်ပါ။ ရုပ်ရှင် ကြည့်ရင်လည်း အင်္ဂလိပ်ကားတွေ များများကြည့်ပါ။ ဗီဒီယိုမှာ အင်္ဂလိပ်ကားတွေကြည့်ရင် မြန်မာစာတန်းထိုးနဲ့ မကြည့်ဘဲ အင်္ဂလိပ်စာတန်းထိုးကိုပြောင်းကြည့်နိုင်အောင်ကြိုးစားပါ။ အွန်လိုင်းကို တက်ရင်လည်း အင်္ဂလိပ် သင်ခန်းစာ site တွေကို လျှောက်လေ့လာကြည့်ပါ။ 


၃။ အင်္ဂလိပ်လိုပြောနိုင်သူတွေနဲ့ မိတ်ဆွေဖွဲ့ထားပါ 


အင်္ဂလိပ်စကားဆိုတာ ပြောမှတတ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်လို ပြောနိုင်သူတွေနဲ့ပေါင်းပြီး များများ ပြောနိုင်အောင် အခွင့်အလမ်းယူပါ။ စပြီး သင်ရင် လွယ်ကူတဲ့ ဖတ်စာအုပ်လေးတွေကိုပဲ ရှာဖတ်ကြည့်ပါ။ 


၄။ အင်္ဂလိပ်ဇာတ်လမ်း၊ ပုံပြင်တွေများများဖတ်ပါ 


ကလေးပုံပြင်စာအုပ်တွေကို အရင်ဆုံးလေ့လာကြည့်ပါ။ ပြီးမှ ESL (English as a Second Language) အနေနဲ့ ပြဌာန်းထားတာတွေကို လေ့လာပါ။ အင်္ဂလိပ်လိုကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေ၊ အညွှန်းတွေ လိုက်ဖတ်ကြည့်ပါ။ ခုမှစပြီးလေ့လာတာဆိုရင် EnglishClub.com ကို ဝင်ကြည့်ဖို့ တိုက်တွန်းချင်တယ်။ 


၅။ ကိုယ်မသိတဲ့ စာလုံးအသစ်တွေတွေ့တိုင်း ချရေးထားပါ 


New Words ဆိုပြီး မှတ်စုစာအုပ်တစ်အုပ်လောက်ထားပါ။ အက္ခရာ စဉ်အလိုက် စာမျက်နှာထိပ်တွေမှာ A, B, C … စသဖြင့် ရေးထားပါ။ A နဲ့စတဲ့ စာလုံးတွေကို A စာမျက်နှာမှာပဲ မှတ်ထားပါ။ နမူနာ စာကြောင်းလှလှ လေးတွေကိုလည်း ကြိုက်ရင်မှတ်ထားပါ။ အဘိဓာန်သုံးရင် English-English အဘိဓာန်ကိုပဲ သုံးနိုင်အောင် ကြိုးစားပါ။ အင်္ဂလိပ်-မြန်မာအဘိဓာန်ကို တတ်နိုင်သလောက်ရှောင်ပါ။


၆။ ဒိုင်ယာရီရေးရင် အင်္ဂလိပ်လိုရေးပါ 


စာကြောင်းတစ်ကြောင်းပဲဖြစ်ဖြစ် စကြည့်ပါ။ ကိုယ်ခံစားရတာကို စရေးကြည့်ပါ။ ရာသီဥတုအကြောင်း ရေးကြည့်ပါ။ ဒီနေ့ ဘာတွေလုပ်ခဲ့သလဲဆိုတာ ရေးကြည့်ပါ။ မနက်ဖြန်ဘယ်သူတွေနဲ့တွေ့မယ်၊ ဘာတွေ လုပ်မယ်ဆိုတာရေးကြည့်ပါ။ 


၇။ အင်္ဂလိပ်စကားပြောနိုင်ငံတွေကို သွားလည်ကြည့်ပါ 


အင်္ဂလိပ်စာမြန်မြန်တတ်ချင်ရင် အင်္ဂလိပ်လိုပြောတဲ့လူတွေကြား ရောက်နေတာက ပိုပြီးအဆင်ပြေတယ်။ အင်္ဂလိပ်လိုပြောတဲ့ မိသားစုတွေနဲ့ အတူနေနိုင်အောင်ကြိုးစားမယ်။ ဒေသခံတွေပြောတာကို များများနားထောင် မယ်။ တကယ့်ပျော်စရာကောင်းတဲ့ အတွေ့အကြုံတွေဖြစ်လိမ့်မယ်။


Credit

Comments

Popular Posts

အင်္ဂလိပ်စာ လေ့လာနည်း

အင်္ဂလိပ်စာ အကြားစွမ်းရည်အတွက် ဝင်ရောက်လေ့လာနိုင်သော website 5 ခု