သတိ! စာဖတ်ရန် မမေ့ပါနှင့်

 


ယနေ့ခေတ်မှာ မီဒီယာတွေရဲ့တိုးပွားမှု (Media Population) က များသည်ထက် များလာသည်။ ယခင်က ပုံနှိပ် မီဒီယာ (Press Media) TV, Audio Media တို့လောက်သာ ရှိခဲ့ရာမှ ယနေ့တွင် အွန်လိုင်းမီဒီယာ၊ ကြော်ငြာဘုတ်၊ ဆိုရှယ်နက်ဝက်ခ်များ၊ မိုဘိုင်းဖုန်းများ စသည်ဖြင့် Media မျိုးစုံအလျှိုလျှိုပေါ်ပေါက်လာကြသည်။


အထူးသဖြင့် မီဒီယာအေး (Cold Media) များဖြစ်သည့် စာအုပ်စာပေ Press Media များက Online, Internet ကဲ့သို့သော Hot Media များနှင့်ယှဉ်လျှင် ယှဉ်ပြိုင်နိုင်စွမ်းများ သိသိသာသာ ကျဆင်းလာကြသည်။ အထူးသဖြင့်  အင်တာနက် ကဲ့သို့သော Hot Media တို့မှာ အသုံးပြုသူများ သိရှိလိုသည့် သတင်း အချက်အလက်များကို အချိန်တိုအတွင်း လျင်မြန်စွာ ရှာဖွေပေးနိုင်ခြင်း ၊ အရုပ်အသံ စသည့် Media စုံ ကြည့်ရှုခံစားနိုင်ခြင်း ၊ အသုံးပြုသူ user အချင်းချင်း Email ၊ ချက်တင် စသည်တို့ဖြင့် ဆက်သွယ်နိုင်ခြင်း၊ စသည်တို့ကြောင့် ကာလတို အတွင်းမှာ သုံးစွဲသူ အရေအတွက် အဆမတန် များပြားလာခဲ့သည်။ အချို့သော ကမ္ဘာကျော် သတင်းစာကြီးများ သည်ပင်လျှင် ယင်းတို့၏ Offline ပုံနှိပ် ထုတ်ဝေနေမှုများကို ရပ်ဆိုင်းကာ Online Version တစ်ခုတည်းဖြင့် ပြောင်းလဲ ရပ်တည် လာရသည်အထိ Hot Media တို့က အောင်မြင်မှု သရဖူ ဆောင်းနိုင်ခဲ့သည်။


စခရင်ချည်းမကြည့်ဘဲ စာအုပ်ကြည့်ဖို့လည်း လိုအပ်ပါသတဲ့


ICT ခေတ်ရဲ့တိုးတက်မှုတွေကြားမှာ မွေးဖွားလာကြတဲ့ Cyber Citizen လူငယ်တွေဟာ ONLINE, INTERNET အရုပ်၊ အသံ လှုပ်ရှားမှုများတွေနဲ့ ပြည့်နှက်နေတဲ့ Multimedia ကမ္ဘာကြီး မှာပဲ သူတို့ရဲ့ဘဝတွေကို မြှုပ်နှံ ထားချင်ကြပါတယ်။ သည်လိုဆိုရင် သူတို့တစ်တွေအတွက် Cold Meida တွေဟာ မလိုအပ်တော့ဘူးလား။ Cold Media တွေရဲ့ကျဆုံးခန်းဟာ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးမှာ စတင် နေပြီလား။


သည်လို မေးလာခဲ့ရင်တော့ စာရေးသူက မဟုတ်ပါ။ လုံး၀ မဟုတ်ပါဟု ပြတ်ပြတ်သားသား ပြန်ဖြေရပါမည်။ မကြာသေးမီက အင်္ဂလန်  နိုင်ငံမှာ ပြုလုပ်ခဲ့သည် သုတေသန စစ်တမ်း တစ်ခုအရ Online, Internet, Hot Media များ အကြား မွေးဖွား ကြီးပြင်းလာသည့် လူငယ် လူရွယ်တို့မှာ စာအုပ် ၊ စာပေ ၊ မဂ္ဂဇင်းစသည့် Cold Media များ အကြားမှာ မွေးဖွား ကြီးပြင်းလာသော လူငယ်လူရွယ်များထက် စဉ်းစား တွေးခေါ်နိုင်မှု ၊ ဉာဏ်ရည် ဉာဏ်သွေးတို့ နိမ့်ကျနေကြောင်း အသေအချာ တွေ့ရှိရပါသည်။ Hot Media တို့၏ သဘောမှာ အရုပ်၊ အသံ၊ လှုပ်ရှားမှုသည်တို့မှာ ခူးပြီးခပ်ပြီး အသင့်ပြင်ဆင် ထားပြီးဖြစ်သဖြင့် ဦးနှောက်၏အလုပ် မလိုအပ်ဘဲ နှလုံးသားနှင့် အသင့်ခံစားရုံဖြစ်သည်။Cold Media တို့၏သဘောမှာ Hot Media ၏ ပြောင်းပြန်ဖြစ်သည်။


အထူးသဖြင့် ယနေ့ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ (Developed Country) တွင် Hot Media များနှင့် Cold Media များ၏ လွှမ်းမိုးမှုမှာ တန်းတူရည်တူမျှသာ ရှိလာသော်လည်း စာရေးသူတို့ကဲ့သို့ ဖွံဖြိုးဆဲ နိုင်ငံများတွင် Hot Media များ၏ လွှမ်းမိုးမှုမှာ အဆမတန် အားကောင်းလာသည်ဖြစ်ရာ တွေးခေါ်မှု စွမ်းရည်များ၊ တီထွင်ဖန်တီးနိုင်မှုများ သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ လူငယ်လူရွယ်များ အနေဖြင့် Hot Media များတွင်သာ အချိန်ကုန် လုံးပမ်းမနေကြဘဲ Cold Media များဘက်သို့လည်း တစ်လှည့်ပြန် လှည့်ကာ မိမိတို့၏ တွေးခေါ်မှုစွမ်းရည်များကို မြှင့်တင်ကြပါဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။


"ကျေးဇူးပြု၍ ... စာဖတ်ရန်မမေ့ကြပါနှင့်"

Comments

Popular Posts

အင်္ဂလိပ်စာ လေ့လာနည်း

အင်္ဂလိပ်စာ အကြားစွမ်းရည်အတွက် ဝင်ရောက်လေ့လာနိုင်သော website 5 ခု