အင်္ဂလိပ်စာ လေ့လာသူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်များ
အင်္ဂလိပ်စာကို Grammar တွေဖတ်လိုက် စာတွေဖတ်လိုက်နဲ့ ပျင်းစရာကောင်းနေရင် ရုပ်ရှင်ကြည့်ပြီး အပန်းဖြေရင်း အင်္ဂလိပ်စာ လေ့လာလို့ရပါတယ်။
Listening, Speaking, Reading, Writing စတဲ့ 4 Skill မှာ ရုပ်ရှင်ကြည့်ရင်း Listening နဲ့ Speaking ၂ မျိုးကို လေ့လာလို့ရပါတယ်။ သူတို့ပြောတာတွေ နားထောင်ရင်း ဘယ်စာလုံးကို ဘယ်လိုအသံထွက်သွားလဲ၊ ဘယ်လိုပြောသွားသလဲ၊ စသဖြင့် နားထောင်ရင်း အသံထွက်အမှန်ကို သိလာနိုင်တယ်။ နားထောင်ရုံသက်သက်မဟုတ်ဘဲ သူတို့ပြောသလို သံယောက်လိုက်ပြောကြည့်ရင်း Speaking လေ့ကျင့်လို့လည်း ရသေးတယ်။ ကိုယ်တွေဆို အဲဒီလို လေ့ကျင့်နေကျ။
ရုပ်ရှင်ဆိုတာ စာအုပ်တွေ၊ ဝတ္ထုတွေ၊ ဘဝဇတ်လမ်းတွေကို ရုပ်နဲ့ အသံနဲ့ တန်ဆာဆင်ပြီး ဖျော်ဖြေတင်ဆက်တာပါ။ အဲဒီတော့ ခေတ်အခြေအနေအလိုက် သုံးစွဲတဲ့ ဝေါဟာရတွေ၊ ဗန်းစကားတွေ၊ အီဒီယံတွေ စကားလုံးအသုံးအနှုန်းတွေလည်း ထပ်ပြီး လေ့လာနိုင်သေးတယ်။ ကိုယ်မမြင်ဘူးတဲ့ စကားစုတွေ အီဒီယံတွေကို စာအုပ်ထဲမှာ မှတ်စု ရေးမှတ်ထားသင့်တယ်။
စိတ်ရှည်ပြီး အပင်ပန်းခံနိုင်ရင် ရုပ်ရှင်ကြည့်တဲ့အခါ ပထမတစ်ခေါက် စာတန်းမထိုးဘဲ အရင်ကြည့်ပါ၊ ပြီးမှ စာတန်းထိုးပြန်ကြည့်ပြီး သူတို့ပြောတဲ့ လေယူလေသိမ်းနဲ့ စကားလုံးတွေကို ဘယ်လောက်ထိ လိုက်နားလည်နိုင်သလဲဆိုတာ ကိုယ့်ရဲ့ Listening Skill Level စစ်လို့ရတယ်။
ဘယ်လိုဇတ်လမ်းမျိုးကနေ စကြည့်ရမလဲ
အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့်ကို Basic, Intermediate, Advanced ဆိုပြီး Level တွေ ခွဲထားသလို ရုပ်ရှင်မှာ Level ခွဲထားတာမျိုး မရှိပေမယ့် ရုပ်ရှင်အမျိုးအစားအလိုက် ခွဲကြည့်ပြီး လေ့လာနိုင်ပါတယ်။
ဘယ်လို ရုပ်ရှင်တွေ ကြည့်ရမလဲဆိုတာ ပုံတွေ ထောက်ပြီး ဖတ်သွားပါ။ နောက်ဆုံးမှာ လေ့လာသင့်တဲ့ အင်္ဂလိပ်စာ website အညွန်း ထည့်ပေးထားပါတယ်။
ဖြစ်နိုင်ရင် မြန်မာစာတန်းထိုး မကြည့်ပါနဲ့။
I Can Speak 2017
ဒီကိုးရီယားကားက ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေ ကိုရီးယားကို သိမ်းပိုက်ထားစဉ်ကာလ ကိုးရီးယားမိန်းကလေးတွေ လိင်ကျွန်လုပ်ဖို့ အတင်းအဓမ္မဖိအားပေးခံခဲ့ရတဲ့အဖြစ်ကို အမေရိကန်မှာ အမှုကြားနာတဲ့အခါ အင်္ဂလိပ်လို သက်သေထွက်ဆိုနိုင်အောင် ကြိုးစားခဲ့တဲ့ အမျိုးသမီး Nah Ok-Bun အကြောင်းပါ။
Nah Ok-Bun ဆိုတဲ့ဘွားတော်တစ်ယောက် သူတို့နေတဲ့ ရပ်ကွက်နဲ့ ပတ်သက်ပြီး အမြဲတမ်းလိုလို တစ်ခုမဟုတ်တစ်ခု တိုင်ပြီး ကွန်ပလိန်းတက်လေ့ရှိတယ်။ အတိုင်အတောထူလွန်းတဲ့ ဘွားတော် Nah Ok-Bun ကို ခရိုင်ရုံးက အမြဲလန့်နေရတယ်။ ဘာကြောင့်ဆို ရပ်ကွက်ထဲမှာ တစ်ခုခု မဖြစ်လိုက်နဲ့ ဖြစ်ပြီဟေ့ဆို နောက်နေ့ ရုံးမှာ သူရောက်နေပြီ။ အဲဒါကြောင့် သူလာမှာတောင် ကြောက်နေရတယ်။
သိပ်မကြာခင်မှာပဲ ရုံးကို အထက်တန်းအရာရှိသစ်ကလေး မင်ဂျေ Min Jae ရောက်လာတယ်။ သူကတော့ မောင်မှန်၊ မောင်တိကျကြီးပေါ့။ တွေ့ကြပြီ မောင်မှန်တိကျ နဲ့ တိုင်တောထူ ဒေါ်ပွစိ။
ပထမနေ့မှာတော့ ဘွားတော်ကြီး ခံလိုက်ရသေးတယ်။ နောက်နေ့ကစပြီးတော့ မောင်မှန်တိကျကြီး မင်ဂျေလည်း ဘွားတော်ကို လက်ဖျားခါသွားပါတယ်။ အဲ….ဒါပေမယ့် ဘွားတော်မှာ အင်္ဂလိပ်စာသင်ယူချင်တဲ့ စိတ်ကလေး ရှိနေရှာတယ်။ သူ့လိုအသက်ရွယ်နဲ့ အင်္ဂလိပ်စာ သင်တန်းလိုက်နေဖို့ကလည်း မလွယ်ဆိုတော့ အခက်တွေ့နေရှာတာပေါ့။ အဲဒီအချိန်မှာ မောင်မင်းကြီးသားအရာရှိက အင်္ဂလိပ်စာ တတ်တယ်ဆိုတာလည်း သိရော အတင်းချဉ်းကပ်တော့တာပေါ့။ အသက်ကြီးပေမယ့် ဇွဲမလျှော့ဘဲ ကြိုးစားသင်ယူခဲ့လို့ သူ့အိမ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။…
ကဲ…သူတို့ ၂ ယောက် ဘယ်လိုရှေ့ဆက်နှစ်ပါးသွားမလဲဆိုတာတော့ ရုပ်ရှင်မှာပဲ ဆက်ကြည့်လိုက်တော့နော်..
ဘွားတော်ကြီး Nah Ok-Bun အဖြစ် ကိုးရီးယားဇတ်လမ်းတွဲတွေမှာ မြင်ရလေ့ရှိတဲ့ Moon-hee Na က သရုပ်ဆောင်ထားပါတယ်။ Mooen Hee Na ဟာ ဒီရုပ်ရှင်ကားနဲ့ ကိုးရီးယားထိပ်တန်း ရုပ်ရှင်ဆုတွေ ဖြစ်တဲ့ Baek Sang Art Awards , Blue Dragon Award, Grand Bell ၃ ဆုစလုံး ရခဲ့တယ်။ တစ်ခြားဆုတွေလည်း ရသေးတယ်။ ဒါရိုက်တာ Kim Hyun-seok လည်း နဂါးပြာဆု Blue Dragon Award ဒါရိုက်တာဆု ရပါတယ်။
English Vinglish 2012
IMDb 7.8
Rotten Tomatoes 80%
မြို့ပြဆိုတာ နယ်မြို့တွေထက် ပိုပြီး ဘိုဆန်တာ သဘာဝလို့ ပြောရမလိုပါပဲ။ ကိုယ့်သားသမီးက အင်တာနယ်ရှင်ကျောင်းတက်နေတာမျိုးဆိုရင် ပိုတောင် ဘိုဆန်ချင်ကြပါတယ်။ အားလုံးတော့ မဟုတ်ပါဘူး။ ဘိုဆန်ချင်သူလည်း ရှိတယ်။ ဘိုမဆန်ချင်သူလည်း ရှိမှာပါ။
ဒီဇတ်ကားက အမျိုးသမီးကို ဇတ်အိမ်တည်ပြီး အမျိုးသမီးဒါရိုက်တာကပဲ သူ့ကိုယ်ပိုင်ဇတ်လမ်းနဲ့ ဇတ်ညွန်းရေးပြီး ရိုက်ထားပါတယ်။
ဇတ်လမ်းကတော့ ပညာတတ်ခင်ပွန်းကို ယူထားပြီး ကလေး ၂ ယောက်မိခင်ဖြစ်တဲ့ ရှာရှီဟာ အိမ်အလုပ်တွေလုပ်ပြီး အိမ်မှုကိစ္စနိုင်နင်းတဲ့ ရိုးရိုးကုပ်ကုပ်အနေအေးတဲ့ မိခင်ကောင်းတစ်ယောက်ပါ။ ဒါပေမယ့် သူ့သားသမီးတွေနဲ့ ခင်ပွန်းဟာ သူ့ကို အင်္ဂလိပ်စာ အားနည်းချက်နဲ့ ပါတ်သက်ပြီး လှောင်ကြပါတယ်။ ( တကယ်တာ့ မိခင်ဘာသာစကားမဟုတ်ဘဲ တစ်ခြားဘာသာစကားကို မသိ၊ မတတ်တာဟာ လှောင်စရာ မဟုတ်ပါဘူး။ စကားချပ် )။ အဲဒီလှောင်ပြောင်သရောင်တာတွေ ခံရတိုင်း အမှားကြီး ကျူးလွန်မိသလို သူစိတ်မကောင်း ဖြစ်ရတယ်။ ဝမ်းနည်းရတယ်။ သားသမီးတွေက အစ လေးစားမှုမရှိ လှောင်တာခံရတော့ မိခင်တစ်ယောက်အနေနဲ့ ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ။ သူ့ဘက်မှာ ဘယ်သူ့မှ မရှိဘူး။ ဒီလိုနဲ့ နယူးယောက်က သူ့ယောက်မရဲ့သမီးမင်္ဂလာဆောင်ကို သွားရဖို့ အကြောင်းဖန်လာတယ်။
ယောကျ်ားက သူ့မိန်းမ ရှာရှိကို နယူးယောက်ကို အရင်လွတ်လိုက်တယ်။ New York လည်း ရောက်ေ ာ မြင်မြင်သမျှ ပတ်ဝန်းကျင်ဟာ အင်္ဂလိပ်စကားပဲ ပြောနေကျတော့ သူလည်း အင်္ဂလိပ်စာ မသင်လို့ မရတော့ဘူး။ အင်္ဂလိပ်စာသင်ဖို့ သင်တန်းတစ်ခု သွားတက်လိုက်တယ်။ ဒီဇတ်လမ်းလေးဟာ ရယ်စရာ၊ ပျော်စရာ၊ ဝမ်းနည်းစရာ၊ သင်ခန်းစာယူစရာ ရသစုံကို ပေးတဲ့ ဇတ်ကားကောင်းတစ်ခုပါ။
အင်္ဂလိပ်စာ မတတ်တဲ့ မိခင်အဖြစ် မနှစ်က ကွယ်လွန်သွားခဲ့တဲ့ မင်းသမီးကြီး Sridevi က သရုပ်ဆောင်ထားပါတယ်။
My Fair Lady 1965
IMDb 7.8
Rotten Tomatoes 95%
Roger Ebert 4/4
ဒီရုပ်ရှင်က တစ်ချိန်က နာမည်ကြီးမင်းသမီး Audrey Hepburn ရဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။
Henry Higgins ဆိုတဲ့ Phonetics ပါမောက္ခ တစ်ယောက်ဟာ ဘယ်သူ့ကိုမဆို လေယူလေသိမ်းမှန်မှန်ကန်ကန်နဲ့ ကျွမ်းကျင်စွာ ပြောတတ်တဲ့အထိ သင်ပေးနိုင်တယ်ဆိုပြီး ကြွားပါတယ်။
အင်္ဂလိပ်စကားပြောရင် တော်တော်ကို ဝဲပြီး မမှန်တဲ့ ပန်းသည်မလေး( Audrey Hepburn )ကို အသံထွက်မှန်အောင် သင်ပေးဖို့ ဖြစ်လာတဲ့အခါ တစ်ကားလုံးမှာ သူတို့ ၂ ယောက်ရဲ့ ဆရာတပည့် သင်ပြပုံ သင်ပြည်နည်းတွေကို သီချင်းလေးတွေနဲ့ ပြသွားပါတယ်။ ဒီဇတ်ကားဟာ Oscar ၈ ဆုနဲ့ Golden Globe ၃ ဆုထိ ရခဲ့တယ်။
Basic Level ( Animation ဇတ်ကားများ )
အင်္ဂလိပ်စာကို အခု စတင်လေ့လာမယ့်သူတွေဟာ animation ဇတ်ကားတွေ ကြည့်ပြီး စတင်လေ့လာသင့်ပါတယ်။ Animation ဇတ်ကားတွေဟာ အများစုက Simple English တွေပဲ သုံးတာများပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ နည်းနည်းခက်တဲ့ တစ်ချို့စကားလုံးလေးတွေ ပါလာတတ်ပါတယ်။ အဲဒီတော့လည်း Dictionary တို့ Phrasal verbs တို့ Idiom Dicionary တို့ လန်ပေါ့။
Paddington I,II , Wall E လို animation နဲ့ လူ ပေါင်းစပ်ရိုက်ကူးထားတဲ့ ကားတွေကြည့်နိုင်သလို
Up, Ice Ages ,Toy Story, Inside out, Jumbo စတဲ့ Animation သီးသန့်ဇတ်ကားတွေ ကြည့်ပြီး လေ့လာနိုင်ပါတယ်။ ကလေးရှိတဲ့သူတွေဆို ကလေးတွေနဲ့အတူရောကြည့် ကလေးတွေကို ရှင်းပြရင်း ကြည့်လို့ရတယ်။
Pre-Intermediate Level
Teen /Coming of Age Movies
ဒီ Level မှာတော့ ဆယ်ကျော်သက်လူငယ်ဇတ်ကားတွေ ကြည့်ပါ။ လူငယ်ပြောတဲ့ ရိုးရှင်းတဲ့ ဒိုင်ယာလော့ဒ်တွေ လိုတိုရှင်းတွေ လေ့လာလို့ရပါတယ်။ ခေတ်ပေါ် ဗန်းစကားတွေတော့ အများကြီး ပါတတ်ပါတယ်။
ဒီလိုဇတ်ကားတွေဟာ ထိုင်း၊ တရုတ်၊ bollywood, Hollywood တို့မှာပဲ ထွက်ပြီး မြန်မာနိုင်ငံမှာ ခုချိန်ထိ တစ်ကားမှကို မတွေ့ဖူးသေးတာပါ။
Paper Town
If I Stay
Beyond the Lights,
The Spectacular Now
Mean Girls,
The Fault in Our Stars
The Perks of Being a Wallflower,
Paper Town ,
High School Musical,
Monte Carlo စတဲ့ ဇတ်ကားတွေလည်း ကြည့်လို့ရပါတယ်။
Pre-intermediate LeveL
Fantasy / Adventure Action ဇတ်ကားများ
ဒီ ၄ ကားပဲ ကြည့်ပါလို့ ပြောတာ မဟုတ်ပါဘူး။
Goosebumps, Jumanji , King Kong, Jurassic World လို Fantasy / Adventure /Action / Horror စတဲ့ ရိုးရိုးရှင်းရှင်းနဲ့ လူငယ်စွန့်စားခန်းတွေ ရွေးကြည့်ပါ။
Harry Porter Film Series
1/ Harry Potter and the Philosopher’s Stone
2/ Harry Potter and the Chamber of Secrets
3/ Harry Potter and the Prisoner of Azkaban
4/ Harry Potter and the Goblet of Fire
5/ Harry Potter and the Order of the Phoenix
6/ Harry Potter and the Half-Blood Prince
7/ Harry Potter and the Deathly Hallows-Part 1
8/ Harry Potter and the Deathly Hallows-Part 2
Twilight Film Series
1/ Twilight (2008)
2/ The Twilight Saga: New Moon (2009)
3/ The Twilight Saga: Eclipse (2010)
4/ The Twilight Saga: Breaking Dawn-Part 1
5/ The Twilight Saga: Breaking Dawn-Part 2
Huger Games Film Series
1/ The Hunger Games (2012)
2/ The Hunger Games: Catching Fire
3/ The Hunger Games: Mockingjay-Part 1
4/ The Hunger Games: Mockingjay- Part 2
Maze Runner Film Series
1/ The Maze Runner (2014)
2/ Maze Runner: The Scorch Trials (2015)
3/ Maze Runner: The Death Cure (2018)
Intermediate Level
Romance / Rom Com ဇတ်ကားများ
ဒီ Level မှာတော့ Romance, Rom Com စတဲ့ ဇတ်ကားတွေ ရွေးကြည်ပါ။ ဇတ်လမ်းရိုးရိုးရှင်းရှင်းပုံစံနဲ့ ရိုက်တာဖြစ်တဲ့အတွက် ပေါ့ပေ့ါပါးပါး ကြည့်ရှုရမှာပါ။
Brooklyn
Leaf Year,
Me Before You,
Love Rosie,
500 days of Summer စတဲ့ဇတ်ကားတွေ ကြည့်လို့ရသလို
Nicolas Sparks ရဲ့ ဇတ်ကားတွေ ဖြစ်တဲ့
Notebook,
The Best of Me,
The Last Song,
Dear John,
Safe Heaven,
The Longest Ride,
A Walk to Remember စတဲ့ ဇတ်ကားတွေ ကြည့်ပါ။
Upper Intermediate Level
ဒီ Level မှာတော့ စကားအများကြီး ပြောတဲ့ Drama ဇတ်ကားကောင်းတွေ ကြည့်ပါ။
the age of Adaline
The Walk
Wonder
Gifted
Girl on the Train
American Beauty
Good Will Hunting
Pay it forword
Misery
The Shawnshank Redemption
Forrest Gump
The Terminal
Advanced Level
အဆင့်မြင့် Crime / Drama ဇတ်ကားများ
ဒီ Level တော့ ခက်ပါပြီ။ စကားလည်း များ၊ ဦးနှောက်နဲ့ များများစဉ်းစားတွေးခေါ်တာတွေပါတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စုံထောက်မှုခင်းကားတွေ Black Comedy တွေ ကို များများကြည့်ပါ။
Angels and Demons
Davinci Code
Vice,
Spotlight,
Miss Sloane
The Post,
Lincoln,
Snowden,
The Big Short,
Green Book,
Arrival
Pulp Fiction
Memento
Prisoners
Silence of the Lamb
TV Series များ
13 Reason Why လို Mystery ဆန်ဆန် ဇတ်ကားတွေ
Stranger Things လို Sci-Fi ကားတွေ
This is US လို မိသားစု Drama တွေ
Sherlock လို စုံထောက်ကားတွေ
Mind Your Language လို Sit Com တွေ ကြည့်ပါ။
Mind Your Language ဆိုရင် အခုမှ စလေ့လာမယ့် သူတွေအတွက် အလွန်သင့်တော်ပါတယ်။ လုံးဝမပျင်းရလေအောင် ရယ်ရမှာပါ။
အင်္ဂလိပ်စာ လေ့လာနိုင်မယ့် Website များ
1/ https://www.britishcouncil.org.mm/english/learn-online/
Teens တွေအတွက်
Business & Work အတွက်
Fun and Games
Listen and Watch ဆိုပြီး ကဏ္ဍလေးတွေ ခွဲထားပါတယ်။
2/ https://www.talkenglish.com/
ဒီ ဝက်ဆိုက်မှာတော့ Video Lesson အများကြီးကို လေ့လာနိုင်မှာပါ။
3/ http://www.bbc.co.uk/learningenglish
BBC ရဲ့ အင်္ဂလိပ်စာ အစီအစဉ်ပါ။
Grammar, Vocabulary, Pronunciation ဆိုပြီး ကဏ္ဍအလိုက် လေ့လာလို့ရပါတယ်။
English at Work ( Business English ) က ကျနော်အရမ်းကြိုက်ခဲ့တဲ့ Program ပါ။
ဒီမှာ လေ့လာပါ။ http://www.bbc.co.uk/learningenglish/english/features/english-at-work/english-at-work-intro
4/ http://www.myanmar-network.net/
ဒီဝက်ဆိုက်ကတော့ မြန်မာနိုင်ငံ British Council က လွင့်တင်ထားတဲ့ ဝက်ဆိုက်ပါ။ သိပ်ကြိုက်ပါတယ်။
အင်္ဂလိပ်စာနဲ့ ပါတ်သက် ဆောင်းပါး ရာပေါင်းများစွာ မြန်မာလို ဖတ်ရှုနိုင်ပါတယ်။
5/ Linguamarina ( Youtube )
သူကိုယ်တိုင် အင်္ဂလိပ်စာကို လေ့လာနေတဲ့ ရှရှားမိန်းကလေးတစ်ယောက်ပါ။
အင်္ဂလိပ်စာကို ဆရာစာသင်သလိုသင်တာမျိုးမဟုတ်ဘဲ
Lifestyle ပုံစံ ကြုံရာ Topic တွေကို အင်္ဂလိပ်စာ သိစရာမှတ်စရာအဖြစ် Youtube မှာ တင်ပါတယ်။ သူ့ကို Subscribe လုပ်ထားသူ ၁ သန်းကျော်ပါတယ်။
6 / Learn English With TV Series
ရုပ်ရှင်တွေ TV Series တွေမှာ ပြောသွားတဲ့စကားတွေ
အသုံးအနှုန်းတွေ သိချင်တယ်ဆိုရင်တော့
ဒီမှာ လေ့လာလိုက်ပါ
https://www.youtube.com/channel/UCKgpamMlm872zkGDcBJHYDg
ဒါလည်း ကျနော့်ရဲ့ favorite channel တစ်ခုပါ။
7/ English Learning Apps
VOA Learning English
Listening အတွက် အလုပ်လုပ်ရင်း ကားစီးရင်း
နားထောင်လို့ရမယ့် Podcast app ပါ
အရမ်းကို ကောင်းတာပါ။ အင်တက်နက်ဖွင့်ပြီး Podcast ဒေါင်းထား၊ ပြီးရင် Offline မှာလည်း နားထောင်လို့ရတယ်။
Nasdaily ( ကမ္ဘာလည့် ခရီးသွား )
Facebook ပေါ်ကနေကမ္ဘာပတ်ချင်တယ်ဆိုရင်တော့
Nasdaily ကို Follow လုပ်ထားပါ။
နိုင်ငံအနှံ့ပတ်ပြီး ခရီးသွားပုံရိပ်တွေကို အင်္ဂလိပ်လို ရိုးရိုးရှင်းရှင်းနဲ့ တင်ဆက်ပါတယ်။
Credit: Cinemanto