မြန်မာလူငယ်များကို ဖိတ်ခေါ်နေသည့် နိုင်ငံတကာပညာသင်ဆုများ

နိုင်ငံတကာတွင် ဘွဲ့လွန်ပညာ တော်သင် သွားရောက်လိုသူ မြန်မာလူငယ်များအတွက် နိုင်ငံ တကာ အစိုးရအဖွဲ့အစည်းများက ပေးအပ်နေသော ပညာသင်ဆုအ စီအစဉ်များကို ယခုတစ်ပတ် နိုင်ငံတကာပညာသင်ဆု အခွင့် အလမ်းကဏ္ဍတွင် စုစည်းဖော်ပြ ထားပါသည်။



သြစတြေးလျအစိုးရပညာသင်ဆု


 သြစတြေးလျအစိုးရက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှု တွင် အထောက်အပံ့ဖြစ်စေရန် လူ့စွမ်းအားအရင်းအမြစ် ကောင်း များမွေးထုတ်ရာတွင် ကူညီပံ့ပိုး ပေးသည့်အနေဖြင့် ပေးအပ်သည့် Australia Awards ပညာသင်ဆု ဖြစ်သည်။ မြန်မာနိုင်ငံသားများအ နေဖြင့် မဟာဘွဲ့သင်တန်းကို သြစတြေးလျနိုင်ငံရှိ တက္ကသိုလ် များတွင် ပညာသင်ဆုအပြည့်အဝ ဖြင့် တက်ရောက်နိုင်မည့် အခွင့် အရေးဖြစ်သည်။


ပညာရေးစီမံခန့်ခွဲမှု၊ လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေး၊ လူသားချင်းစာနာ ထောက်ထားမှု၊ ရာသီဥတုဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု၊ ပြည် သူ့ရေးရာမူဝါဒ၊ နိုင်ငံတကာဆက် ဆံရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှု၊ သတ္တုတူးဖော်ရေးစသည့် နယ် ပယ်များတွင် အကျုံးဝင်သည့် မည်သည့်ဘာသာ ရပ်အတွက်မ ဆို ပညာသင်ဆုလျှောက်ထားခွင့် ပြုထားသည်။


လျှောက်ထားသူများ၏ အ လုပ်အကိုင်၊ ပညာအရည်အချင်း ကို အဓိကထားရွေးချယ်မည်ဖြစ် သော်လည်း ပညာသင်ဆု လျှောက်ထားသူသည် မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်များတွင် ပါဝင်ဆောင်ရွက်နိုင် သည့် အလားအလာကိုလည်း ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ 


ပညာသင်ဆုအနေဖြင့် သြစ တြေးလျသို့ အသွားအပြန်ခရီး စရိတ်၊ ကျောင်းလခ၊ နေထိုင်စား သောက်စရိတ်၊ကျန်းမာရေးစရိတ်၊ ပညာသင်ကြားနေစဉ် ဆောင် ရွက်ရသည့် သုတေသနလုပ်ငန်း များအတွက် ကုန်ကျစရိတ်များ ကို ပံ့ပိုးပေးမည်ဖြစ်သည်။


ပညာသင်ဆုလျှောက်ထား သူသည် အင်္ဂလိပ်စာ အရည်အ သွေးအတွက် TOEFL၊ IELTS ရမှတ်များတင်ပြရန်မလိုပေ။ သို့ သော် သြစတြေးလျတက္ကသိုလ် များဝင်ခွင့်အတွက် အင်္ဂလိပ်ဘာ သာစကား ကျွမ်းကျင်မှုကောင်း ကောင်းလိုအပ်သည်။ ပညာသင် ဆုအတွက် လူတွေ့အင်တာဗျူး ဖြေဆိုရာတွင် အင်္ဂလိပ်ဘာသာ စကား 4 Skills စစ်ဆေးသည့် စာမေးပွဲကိုပါ ဖြေဆိုရမည်ဖြစ် သည်။ထိုသို့စစ်ဆေးစဉ် အင်္ဂလိပ် စာအရည်အသွေး ထပ်မံလိုအပ် ပါက မြန်မာနိုင်ငံတွင်ဖွင့်လှစ် သည့် အင်္ဂလိပ်ဘာသာစကား လေ့ကျင့်မှုသင်တန်းသို့ တစ်နှစ် ခန့်တက်ရောက်ရမည်ဖြစ်ပြီး ထို သင်တန်းပြီးမှသာ ပညာသင်ဆု လျှောက်ထားသည့် ဘာသာရပ် ကို သင်ယူရမည်ဖြစ်သည်။ သင် တန်းကြေးကို သြစတြေးလျ အစိုးရကပံ့ပိုးပေးမည်ဖြစ်သည်။


ပညာသင်ဆု လျှောက်ထား သူသည် မြန်မာနိုင်ငံတွင်လက်ရှိ နေထိုင်သည့် မြန်မာနိုင်ငံသားဖြစ် ရမည်ဖြစ်ပြီး အသက် (၁၈) နှစ် အောက်မငယ်ရဟု သတ်မှတ် ထားသည်။ ပညာသင်ဆုပေးအပ် မည့် နယ်ပယ်များနှင့်သက်ဆိုင် သည့် ဘာသာရပ်များမှလွဲ၍ အ ခြားဘာသာရပ်များ လျှောက်ထား ခွင့်မရှိပေ။


ပညာသင်ဆုလျှောက်လွှာ များကို ဖေဖော်ဝါရီလတွင်စတင် ခေါ်ယူမည်ဖြစ်ပြီး အသေးစိတ်ကို https://dfat.gov.au/ တွင် ကြည့်ရှုနိုင်သည်။


အိုဘားမားဖောင်ဒေးရှင်းပညာသင်ဆု


အမေရိကန်နိုင်ငံ ကိုလံဘီ ယာတက္ကသိုလ်တွင် ပညာသင် ကာလတစ်နှစ် တက်ရောက်ခွင့် ရရှိနိုင်မည့် ပညာသင်ဆုအစီအ စဉ်ဖြစ်သည်။


ပညာသင်ဆုပေးအပ်မည့် သူအရေအတွက် ကန့်သတ်ထား ခြင်းမရှိဘဲ ကမ္ဘာတစ်ဝန်းမှ လူမှု အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့ အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်း များမှ ဝန်ထမ်းများ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ မည်သူမဆို လျှောက်ထားနိုင်သည်။ 


ကိုလံဘီယာတက္ကသိုလ်နှင့် အိုဘားမားဖောင်ဒေးရှင်းတို့ ပူး ပေါင်းရေးဆွဲထားသည့် ခေါင်း ဆောင်မှုနှင့် ပညာရေးပေါင်းစပ် ထားသည့် သင်ရိုးညွှန်းတမ်းကို တစ်နှစ်ကြာ သင်ယူရမည်ဖြစ် သည်။ ကျောင်းချိန်ပြင်ပတွင် အို ဘားမားဖောင်ဒေးရှင်းနှင့် ပူး ပေါင်းကာ အလုပ်သင်အဖြစ်လုပ် ကိုင်နိုင်မည့် အခွင့်အရေးများပါ ရရှိနိုင်ပြီး အိုဘားမားဖောင်ဒေး ရှင်းက ပျိုးထောင်ပေးမည့် အနာ ဂတ်ခေါင်းဆောင်ကွန်ရက်တွင် လည်း ပါဝင်ခွင့်ရမည်ဖြစ်သည်။


ပညာသင်ဆုရရှိသူများအား အိုဘားမားဖောင်ဒေးရှင်းက ကျောင်းစရိတ်၊ လစဉ်အသုံးစ ရိတ်ထောက်ပံ့ကြေး၊ စာအုပ်စာ တမ်းကြေး၊ သင်တန်းကြေး၊ စာ သင်ခန်း ပြင်ပတစ်ဦးချင်းစွမ်းရည် ဖွံ့ဖြိုးမှုအတွက် လိုအပ်သည့်လှုပ် ရှားမှုများအတွက် ကုန်ကျစရိတ် များ၊ ခရီးစရိတ်များအားလုံးကို ပံ့ပိုးပေးမည်ဖြစ်သည်။


လျှောက်ထားမည့်သူများ သည် သက်ဆိုင်ရာလုပ်ငန်းခွင် တွင် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသည့် အတွေ့အကြုံ ရှိထားရမည်ဖြစ်ပြီး ကမ္ဘာ့ရေးရာ ကိစ္စရပ်များ၊ မူဝါဒရေးရာကိစ္စ ရပ်များနှင့်ပတ်သက်ပြီး စိတ်ပါ ဝင်စားရမည်ဖြစ်သည်။ ပညာ သင်ဆုအစီအစဉ်ပြီးဆုံးပြီး မိခင် နိုင်ငံသို့ ပြန်ရောက်သည့်အခါ ဆောင်ရွက်မည့် နိုင်ငံတကာဖွံ့ ဖြိုးရေးနှင့် မူဝါဒရေးရာပရော ဂျက်တစ်ခုကိုလည်း တင်ပြနိုင် ရမည်ဖြစ်သည်။


လျှောက်လွှာကို https://www.obama.org/scholars/တွင်လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာပိတ်ရက်သည် ဖေ ဖော်ဝါရီ ၅ ရက်ဖြစ်သည်။


အီရားမတ်ပညာသင်ဆု


ဥရောပသမဂ္ဂက နိုင်ငံတ ကာလူငယ်များအတွက် ပေးအပ် နေသည့် အီရားမတ် (Erasmus Mundus) ပညာသင်ဆုအစီအ စဉ်များအနက် အမျိုးသမီးရေးရာ နှင့် ကျားမရေးရာမဟာဘွဲ့တက် ရောက်မည့်သူများအတွက် ပေး အပ်မည့် ပညာသင်ဆုအစီအစဉ် ဖြစ်သည်။ 


ပညာသင်ဆုလျှောက်ထား သူနေထိုင်ရာ နိုင်ငံအပေါ်မူတည် ကာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ခြောက်နိုင်ငံရှိ တက္ကသိုလ်များ တွင် မဟာဘွဲ့သင်တန်းတက် ရောက်ခွင့်ရမည်ဖြစ်သည်။ မဟာ ဘွဲ့သင်တန်းအတွက် ၂ နှစ်တက် ရောက်ရမည်ဖြစ်သည်။


ကျောင်းလခ၊ လစဉ်အသုံးစ ရိတ်၊ ခရီးစရိတ်များကို ကျောင်း တက်စဉ် ကာလတစ်လျှောက် ပေးအပ်မည်ဖြစ်သည်။ 


ပညာသင်ဆုလျှောက်ထား သူများသည် အနည်းဆုံးဘွဲ့တစ် ခုရရှိထားရမည်ဖြစ်ပြီး မိမိတက် ရောက်ခွင့်ရရှိမည့် တက္ကသိုလ်၏ ဘာသာစကားဆိုင်ရာ ကျွမ်းကျင် မှုသတ်မှတ်ချက်များ၊ဝင်ခွင့်သတ် မှတ်ချက်များကို ပြည့်မီထားမည် ဖြစ်သည်။ ဥရောပသမဂ္ဂနှင့် ချိတ် ဆက်ထားသော တက္ကသိုလ်များ တွင် အီတာလျံ၊စပိန်နှင့်အင်္ဂလိပ် ဘာသာ စကားများသုံးကာ သင် ကြားပေးလေ့ရှိသည်။ သတိပြုရန် အချက်မှာ မိမိတက်ရောက်ရမည့် တက္ကသိုလ်၏ စာသင်ခန်းသုံးဘာ သာစကားကို ကျွမ်းကျင်ကြောင်း အသိအမှတ်ပြုလက်မှတ် တင်ပြ ရမည်ဖြစ်သည်။


ပညာသင်ဆုလျှောက်လွှာ များကို https://gender.ceu.edu/erasmus-mundus- gemma တွင် ဖေဖော်ဝါရီ ၁၂ ရက်နောက်ဆုံး လျှောက်ထားရ မည်ဖြစ်သည်။


 ပညာသင်ဆုအတွက် ဥရောပသမဂ္ဂနှင့် ချိတ်ဆက်ထား သော တက္ကသိုလ်များစာရင်းနှင့် ပညာသင်ဆု အစီအစဉ်အသေး စိတ်ကို http://masteres.ugr.es/gemma/ တွင်ဝင်ရောက် ကြည့်ရှုနိုင်သည်။


အမေရိကန်အစိုးရ၏ပညာသင်ဆု


မြန်မာနိုင်ငံမှ လူငယ်များအ တွက် အမေရိကန်အစိုးရကပေး သော ဘွဲ့ကြိုတစ်နှစ် ပညာသင် ဆုအစီအစဉ်ဖြစ်သည်။ 


၂၀၂၁-၂၂ ပညာသင်နှစ်အ တွက် ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြို ကျောင်းသားများ နှီးနှောဖလှယ် ရေး (Global Undergraduate Exchange-Global UGRAD) အစီအစဉ်ဖြင့် ပေးအပ်သော ပညာသင်ဆုဖြစ်ပြီး လက်ရှိမြန်မာ နိုင်ငံရှိတက္ကသိုလ်များတွင်အနည်း ဆုံး ပထမနှစ်တက်ရောက် ပြီးသူ များသာလျှောက်ထားခွင့်ရှိသည်။


အခွင့်အလမ်းနည်းပါးသည့် လူမှုအသိုက်အဝန်းမှ ကျောင်း သားများကို လူမှုရေးလုပ်ငန်းများ နှင့် ပတ်သက်သည့်ခေါင်းဆောင် မှုအရည်အသွေး၊ ပညာရပ်ဆိုင် ရာ အရည်အသွေးများမြှင့်တင်ရန် နှင့် လူမှုရေးလုပ်ငန်းများနှင့် ပတ် သက်ပြီး အမေရိကန်ပြည်ထောင် စုရှိတက္ကသိုလ်၊ ကောလိပ်များ တွင် အတွေ့အကြုံတစ်ခုရရှိစေ ရန် အမေရိကန်အစိုးရက ပံ့ပိုး ပေးမည့်အစီအစဉ်ဖြစ်သည်။


ပညာသင်ဆု လျှောက်ထား သူသည် မြန်မာနိုင်ငံတွင်နေထိုင် ပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်တစ် ခုခုတွင် တက်ရောက်နေသူဖြစ် ရမည်။ အမေရိကန်တက္ကသိုလ်၊ ကောလိပ်များတွင် Global UGRAD ပညာသင်ဆုအစီအစဉ် ဖြင့် တစ်နှစ်တက်ရောက်ပြီးပါက မြန်မာနိုင်ငံရှိ တက္ကသိုလ်တွင် ပညာဆက်လက် သင်ကြားရမည် ဖြစ်သည်။ ပညာသင်ဆုဖြင့် အ မေရိကန်နိုင်ငံသို့ လာရောက် သည့်အခါ အနည်းဆုံးအသက် (၁၈) နှစ် ပြည့်ပြီးဖြစ်ရမည်။ 


ပညာသင်ယူနေစဉ် ကာလ အတွင်း တက်ကြွစွာပါဝင်သင်ယူ လိုစိတ်ရှိပြီး လူအများနှင့်ပေါင်းသင်းဆက်ဆံနိုင်စွမ်း မြင့်မားရ မည်။ မိမိ၏ ခေါင်းဆောင်မှုအ ရည်အသွေးကို ကောင်းစွာပြသ နိုင်ရမည်ဖြစ်ပြီး စာသင်ခန်းပြင်ပ လှုပ်ရှားမှုများတွင်လည်း ပါဝင် နိုင်ရမည်။


အမေရိကန်နိုင်ငံ တက္က သိုလ်၊ ကောလိပ်များတွင်သာ တက်ရောက်ရမည်ဖြစ်ပြီး ပညာ သင်ဆုရရှိပါက ခရီးစရိတ်၊ ကျောင်းစရိတ်၊ နေထိုင်စား သောက်စရိတ်အလုံးစုံကို ပညာ သင်ဆုအစီအစဉ်က ထောက်ပံ့ ပေးမည်ဖြစ်သည်။


Global UGRAD ပညာသင် ဆုကို ယခုစတင်လျှောက်ထားနိုင် ပြီး လျှောက်လွှာပိတ်ရက်သည် ဖေဖော်ဝါရီ ၂၈ရက်ဖြစ်သည်။


ပညာသင်ဆုကို https://bit.ly/3prbNYi မှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပြီးလိုအပ် သည့် ထောက်ခံစာများကို Ran- goonUSECA@state.gov သို့ အီးမေးလ်ပေးပို့ရမည်ဖြစ်သည်။

Comments

Popular Posts

အင်္ဂလိပ်စာ လေ့လာနည်း

အင်္ဂလိပ်စာ အကြားစွမ်းရည်အတွက် ဝင်ရောက်လေ့လာနိုင်သော website 5 ခု