အလွယ်ဆုံးနည်းလမ်းတွေသုံးပြီး အင်္ဂလိပ်စာကိုလေ့လာကြမယ်
ဂလိုဘယ်လိုက်ဇေးရှင်းလို့ခေါ်တဲ့ ကမ္ဘာကြီးက ရွာလေးတစ်ရွာ၊ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာခေတ်ကို ရောက်လာတဲ့အချိန်၊ သူတို့နဲ့ရင်ဘောင်တန်းပြီးလိုက်လာတဲ့ ဘာသာစကားရဲ့အသုံးဝင်မှုကိုလည်းမေ့ထားလို့မရတော့ပါဘူး။ အင်္ဂလိပ်ဘာသာစကားကို ရှေးခေတ်အဘိုးအဘွားတွေ ကိုလိုနီခေတ်ကတည်းကသင်ကြားခဲ့တယ်။ ဒီနေ့ထိလည်း ကျွန်တော်တို့မျိုးဆက်တွေသင်ယူနေရတုန်းပါပဲ။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ သူများနဲ့တန်းတူပြေးနေရတာဖြစ်လို့ ဘာသာစကားမတတ်ကျွမ်းမှုက ကျွန်တော်တို့တိုးတက်ရေးလမ်းစမှာ အတားအဆီးတစ်ခုဖြစ်လာနိုင်တယ်။ အဲ့ဒါကြောင့် ကမ္ဘာသုံးဘာသာဖြစ်တဲ့အင်္ဂလိပ်စာကို လေ့လာဖို့လိုပါတယ်။ ဘယ်လိုလေ့လာကြမလဲ ? လေ့လာတဲ့နေရာမှာ ဘာသာစကားသင်တန်းတွေ၊ International school တွေဟာ အင်္ဂလိပ်စာတိုးတက်ဖို့အရမ်းကောင်းတဲ့ source တွေပါ။ ဒါပေမယ့် အဲဒီလိုနေရာတွေမှာ တက်ဖို့ဆိုတာ လူတိုင်းအတွက်တော့မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုရင် သင်တန်းကြေးကြီးမြင့်လွန်းတာရယ်၊ အချိန်ဇယားတွေရယ်ကြောင့်ပါ။ တစ်ချို့က အလုပ်လုပ်ရင်းနဲ့တက်ကြရတာကိုး။ အဲ့ဒီတော့ အင်္ဂလိပ်စာကို လွယ်ကူဆုံးဖြစ်အောင်လေ့လာဖို့အတွက်ဘယ်လိုအရာတွေကအကောင်းဆုံးဖြစ်မလဲ ? ( ၁ ) နိုင်ငံခြားဇာတ်ကားများ လူတိုင်းသ...