Posts

Showing posts from November, 2023

အင်္ဂလိပ်စာဘယ်လိုဖတ်မလဲ?

Image
အင်္ဂလိပ်စာဘယ်လိုဖတ်မလဲ? by အောင်ကိုဦး (UMK) အင်္ဂလိပ်ဘာသာစကားကိုလေ့လာရာတွင် Reading skill သည်အရးကြီးသောကဏ္ဍတစ်ခု ဖြစ်သည်။ မိခင်ဘာသာစကား (Native Language) တွင်ပင်လျှင် စာဖတ်ခြင်းဖြင့် ပျော်ရွင်ခြင်း၊ အသိပညာဗဟုသုတရရှိနိုင်ခြင်း၊ ဘဝကိုမြှင့်တင်ပေးနိုင်ခြင်း၊ ပူးပေါင်းေဆောင်ရွက်နိုင်ခြင်း၊ လူမှုဆက်ဆံရေးတိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိစေနိုင်သောကြောင့် လူတိုင်းစာဖတ်ရန် အရေးကြီးပါသည်။ စာဖတ်ရာတွင် အင်္ဂလိပ်စာဖြစ်စေ၊ မြန်မာစာဖြစ်စေရည်ရွယ်ချက်အမျိုးမျိုးဖြင့် ဖတ်ကြသည်။မည်သည့်ရည်ရွယ်ချက်ဖြင့် ဖတ်သည်ဖြစ်စေစာဖတ်ရာတွင် အဆင်ပြေစေမည့်နည်းလမ်းများကို မျှဝေလိုပါသည်။ စာဖတ်ခြင်းသည် စကားလုံးများအပါအဝင် အသိပညာဗဟုသုတများကိုနားလည်ရရှိရန်သာမကကိုယ်တိုင်ပြန်လည်အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် ဘာသာစကားလေ့လာသင်ယူသူများအတွက် Reading သည် အဓိကထောင်ပံ့ပေးထားသောSkill တစ်ခုလည်းဖြစ်ပါသည်။ စာများများဖတ်ထားသောဘာသာစကားလေ့လာသင်ယူသူတစ်ယောက်သည် စကားလုံး(word)များအဆင်သင့် ရှိနေပြီးListening, Speaking, Writing စသည့်Skillများအားလုံးတိုးတက်မှု မြန်ဆန်စေရန် ကူညီနိုင်ပါသည်။ဘာသာစကားကိုလေ့လာသင်ယူသူများအတွက် စာဖတ်ခြင်းသည်...